အမ်းခရိုင်၌(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲဝင်များကြိုဆိုဂုဏ်ပြု

အမ်း  အောက်တိုဘာ ၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့်(၂၄ )ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပခဲ့ပြီး ပြည်နယ်အဆင့်(၁၀)ဦး ဝင်ရောက်ယှဥ် ပြိုင်ခဲ့ပြီး (၅)ဦးဆုရရှိကာပြိုင်ပွဲဝင်များနှင့် အုပ်ထိန်းသူများ ပြန်လည်ရောက်ရှိလာမှုအားကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့ ည နေ ၅ နာရီ အချိန် အမ်းမြို့ရှိ WE LOVE ANN ရှုခင်းသာဗျူးပွိုင့်နေရာ၌ကျင်း ပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှုအဆို၊ အက ၊အရေး ၊အတီးပြိုင်ပွဲပြည်နယ်အဆင့် ပြိုင်ပွဲများ၌အသက် (၁၀) နှစ်မှ (၁၅ )နှစ်ခေတ် ဟောင်း ကာလပေါ်တေးသီချင်းနှင့် အတီး၊  အသက် (၁၅)နှစ် မှ (၂၀) နှစ်ခေတ်ဟောင်းကာလပေါ် တေးသီချင်း၊ ဝါသနာရှင် (ဒုတိယ)တန်း (မဟာဂီတ)၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်)နှင့် အမျိုးဂုဏ်ဇာတိဂုဏ် သီချင်းများဖြင့် ဝါသနာရှင်များကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၀) ဦးပြိုင်ပွဲဝင်ရောက်ခဲ့ရာ မစုမွန်လှိုင် (အဆင့်မြင့် အဆိုအမျိုးဂုဏ် ဇာတိဂုဏ်) ပထမ ဆုမောင်အောင်ခန့်ကို( ၁၅ - ၂၀) အမျိုးသားတစ်ဦး ချင်းအက ပထမဆု၊ မမေဖြိုးသော်( ၁၅-၂၀)အမျိုးသမီးတစ်ဦးချင်းအက ပထမဆု၊ မောင်ဒီယံ ဖြိုး (၁၀.၁၅)အမျိုးသားဆိုင်းတစ်ဦးချင်း ပထမဆု၊ မနှင်းအိကို (၁၀-၁၅)အမျိုး သမီးတစ်ဦးချင်းအက တတိယဆုရရှိကာ ရခိုင်ပြည် နယ် စစ်တွေမြို့မှပြန် လည်ရောက်ရှိလာသော ပြိုင်ပွဲဝင်များအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ ခရိုင်/မြို့ နယ်တာဝန်ရှိသူများနှင့် ဝန်ထမ်းများက လှိုက်လှိုက်လှဲလှဲ ရခိုင် မင်္ဂလာစည်တော်ယွန်းကာဂုဏ်ပြု၍ ဂုဏ်ပြုပန်းကုံးနှင့် ပန်းစည်းများပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)