မာန်အောင် အောက်တိုဘာ ၂
ရှေ့ဦးစွာ အခမ်းအနားကို သက်ကြီးဘိုးဘွားများနှင့် ရိပ်သာဝန်ထမ်းများက “နမောတ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဘိုးဘွားရိပ်သာကော်မတီ (ကိုယ်စား)ရိပ်သာကော်မတီ ဥက္ကဋ္ဌဦးဘကျင်မှ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ရိပ်သာ၏ အားနည်းချက်/အားသာချက်များကိုလည်းကောင်း၊ ဘိုးဘွားများအား ပန်ကြား တင်ပြခဲ့သည်။
ထို့နောက် ဘိုးဘွားရိပ်သာဝန်ထမ်းများက ဘိုးဘွားများအား ဝန်ချတောင်းပန်ကန်တော့ကြပြီး ဘိုးဘွားများ၏ ကိုယ်စား အဘွားဖြစ်သူဒေါ်သိန်းဖြူက ကျေးဇူးတင်စကားပြောကြားပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အခမ်း အနားအား ရုပ်သိမ်းခဲ့ပြီးနောက် ဘိုးဘွားများအား ကံစမ်းမဲဖေါက်ပေးခြင်း၊ဘိုးဘွားများ ပျော်ရွှင်စေရန် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။ မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္ဓဘိုးဘွားရိပ်သာတွင် အဘိုး(၅)ဦး၊အဘွား(၁၀)ဦး၊ စုစုပေါင်း(၁၅)ဦးရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)