ရခိုင်ပြည်နယ်

အမ်းမြို့အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲကို ယနေ့နံနက်  ၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ပေါက်တောမြို့၊ အခြေခံပညာအထက်တန်းကျောင်း (သဝင်ချောင်း)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်​နေ့မွန်းလွဲပိုင်းတွင် ပေါက်တောမြို့နယ်ရှိ အခြေခံပညာ အ.ထ.က(သဝင်ချောင်း) ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Center) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက်ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းသည် ယမန်နေ့နံနက် ၁၀ နာရီခွဲက သာယာကုန်းကျေးရွာအုပ်စုသို့သွားရောက်ပြီး သာယာကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တောင်ကုတ်မြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ကမ္ဘာ့ဆရာများအနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့တွင် (၁၅) ကြိမ်မြောက်၊ မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြို့နယ်ပညာရေးမိသားစုမှကြီးမှူးကျင်းပသည့် (၁၅) ကြိမ် မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူး ရုံးရှိ ကုမုဒြာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ရုံးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီးနှင့် ဆရာဆရာမများ၊ ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၌ကျင်းပသော ကမ္ဘာ့ဆရာများနေ့အခမ်းအနား တက်ရောက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၌ ရေဂါလံ ၁၀၀၀၀ ဆံ့ မီးသတ်အုတ်ရေလှောင်ကန်တည်ဆောက်နေမှုအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၌ ရေဂါလံ(၁ဝဝဝဝ) ဆံ့ မီးသတ်အုတ်ရေလှောင်ကန် တည်ဆောက်နေမှုအား မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်