ရခိုင်ပြည်နယ် မောင်တောမြို့နယ်   မင်္ဂလာကြီးကျေးရွာအတွင်း မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်းကောက်ယူလျက်ရှိရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

မောင်တော   အောက်တိုဘာ  ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာကြီးကျေးရွာအတွင်း စာရင်းကောက်အဖွဲ့မှ အဖွဲ့များခွဲ၍ စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူလျက်ရှိကြောင်းသိရသည်။

ဦးစွာ မောင်တောခရိုင် သန်းခေါင်းစာရင်းကော်မတီ ဉက္ကဋ္ဌ ဦးနေဦးနှင့် ကော်မတီအဖွဲ့ဝင်များက မင်္ဂလာကြီး ကျေးရွာအတွင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့်အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်းအား တစ်အိမ်တက်ဆင်း မေးမြန်း ကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုပြီး  ပြည်သူများအနေဖြင့် စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူရခြင်းနှင့် အချက်အလက်များကို မှန်ကန်စွာဖြေကြာခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ မောင်တောမြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်း စာရင်းစတင်ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုများအနက် မြို့မအနောက်ရပ်ကွက် ကောက်ကွက် တစ်ကွက်တွင် စာရင်းကောက်ယူရေးအဖွဲ့ သုံးဖွဲ့ဖြင့်  နှစ်ရက်တာကောက်ယူ ပြီးစီးပြီးဖြစ်ကြောင်းနှင့် မင်္ဂလာကြီး ကျေးရွာ အုပ်စုတွင် ကောက်ကွက် ၅ ကွက်ရှိရာ ကောက်ကွက်တစ်ကွက်တွင် စာရင်းကောက်ယူရေး အဖွဲ့သုံးဖွဲ့ဖြင့် ဆက်လက်ကောက်ယူလျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကို Mobile Tablet များ အသုံးပြုပြီး CAPI နည်း စနစ်ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)