ရခိုင်ပြည်နယ်

အမ်းမြို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောအားက စားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဘော်လီဘောအားကစားအသင်း လေ့ကျင့်သင်ကြား

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန မြို့မမိုးလုံလေလုံအားကစားခန်းမတွင် ဘော်လီဘောအားကစားအသင်း အောင်မြင်မှုရရှိစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေ ၄ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ အလယ်ရွာအတွင်းစားသုံးဆီများ ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား/ကျောင်းသူများအား အချိန်ကိုအလဟသ မကုန်ဆုံးစေဘဲ အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် သိပညာဗဟုသုတများရရှိစေရန်နှင့် အများရှေ့တွင်ပြောရဲဆိုရဲပြီး စကားပြောစွမ်းရည် ကောင်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အခမဲ့ ကပြသီဆိုဖျော်ဖြေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့ခွဲမှ စစ်သည်၊ စစ်သမီးများ ပါဝင်သည့် အဆိုပါ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့သည် ယမန်နေ့ည ၇ နာရီက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် အခမဲ့ ကပြသီဆိုဖျော်ဖြေတင်ဆက်သည်။

ဂွမြို့ ရွှေရချိုင် အလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အခွန်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ရွှေရချိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေပိုင်းက ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ်၌ စုရပ်ထားရှိကာ ပြည်သူများသို့ စားသုံးဆီများ လက်လီရောင်းချပေးခဲ့ကြသည်။

ကျိန္တလီမြို့ အ.ထ.က (ခွဲ)စေတီကွင်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျိန္တလီမြို့၊ စေတီကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့တွင် ဌာနဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက် ၁၀နာရီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်