ပေါက်တောမြို့တွင် ဌာနဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါက်တော အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်၊ မိမိတို့ရုံးလုံခြုံရေးကိုလည်း အထူးဂရုပြုကြရန်၊ ရုံးလုံခြုံရေးစီမံချက်ရေးဆွဲတင်ပြကြရန်၊ အပတ်စဥ် စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေထုတ်ပေးထားရှိမှုအပေါ် (၆)လတစ်ကြိမ် အတိုးရရှိမှုကိုတင်ပြကြရန်၊ Biometric Data ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကိစ္စရပ်များ၊ ဌာနအလိုက်အခွန်ငွေရရှိရေး လျာထားချက် ပြည့်မီစေရန်ကိစ္စရပ်များ၊ အိုးအိမ်တွင်နေထိုင်သော ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် သန့်ရှင်းသပ်ရပ်စွာ စည်းကမ်းတကျနေထိုင်ရေး၊ မိမိတို့ရုံးတွင်း/ပြင် သန့်ရှင်းသာယာလှပရေး၊ ရုံးဥပဓိရုပ်ကောင်းမွန်ရေးကိစ္စရပ်များနှင့် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)