ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့သည့် ပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဒဏ်သင့်ခဲ့သည့် ကျေးရွာအုပ်စု (၁၂) ခုမှပြည်သူများအတွက် နိုင်ငံတော်အစိုးရထံက ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာနှင့်စားသောက်ဖွယ်ရာများကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံဂိုဒေါင်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

မြောက်ဦးခရိုင် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အထူးနေ့လယ်စာတည်ခင်းဧည့်ခံပွဲတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင် ခန်းမ၌ ပြုလုပ်သော ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် အထူးနေ့လယ်စာ တည်ခင်းဧည့်ခံပွဲ သို့တက်ရောက်ကြသည်။

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်သဝင်ချောင်းကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းတွင်  ရောင်းချပေးသည်။

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကိုင်းရှည်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး ခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အခြေပညာအထက်တန်းကျောင်းရှိ ဆရာ/မများနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများအား သွား ရောက်ငှားရမ်း ပေးခဲ့သည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း (၁/၂၀၂၃) လက်တွေ့ဆန်းစစ်ခြင်းများ ပြုလုပ်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) လက်တွေ့ဆန်းစစ်ခြင်းများကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ  ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့်သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ခရိုင်ထွေ/အုပ်ဝန်ထမ်းများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ကျောက်တော်မြို့ ရွာမရပ်ကွက်အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဟောပြောပွဲ၊ နံရံကပ် ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွာမရပ်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်