ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အခမဲ့ ကပြသီဆိုဖျော်ဖြေ

ကျောက်ဖြူ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့ခွဲမှ စစ်သည်၊ စစ်သမီးများ ပါဝင်သည့် အဆိုပါ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့သည် ယမန်နေ့ည ၇ နာရီက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် အခမဲ့ ကပြသီဆိုဖျော်ဖြေတင်ဆက်သည်။

ဖြေဖျော်မှုစတင်ချိန်တွင် အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့ခွဲမှ စစ်သည်၊ စစ်သမီး များက ဗုဒ္ဓပူဇနိယ သီချင်းဖြင့် သီဆိုကပြ‌ဖွင့်လှစ်ပြီး စစ်သည်၊ စစ်သမီးများမှ တေးသံသာများ၊ မြူးကြွသွက်လက်သည့် ခေတ်ပေါ် တေးသီချင်းများ၊ Dancer အကအလှများ၊ တေးသရုပ်ဖော်များ၊ နှစ်ပါးသွားများ၊  ရီမောပျော်ရွှင်ဖွယ် ဟာသပြဇာတ်တိုများ စသည့် စိတ်ဝင်စားဖွယ်များဖြင့် ကဏ္ဍစုံစွာကပြဖျော်ဖြေတင်ဆက်ကြရာ လာရောက်ကြည့်ရှုကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ပြည်သူများမှ ပျော်ရွှင်စွာဖြင့် တခဲနက်လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း