ဘူးသီးတောင် အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေပိုင်းက ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ်၌ စုရပ်ထားရှိကာ ပြည်သူများသို့ စားသုံးဆီများ လက်လီရောင်းချပေးခဲ့ကြသည်။
ဘူးသီးတောင်မြို့၌ Agri One Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ တောင်ရပ်ကွက်လမ်းမပေါ်တွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ စားသုံးဆီတစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် စားသုံးဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် လက်လီ ဖြန့်ဖြူးရောင်းချပေးနေမှုကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဇံနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှူကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)