တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကုတ်  အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကိုင်းရှည်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေက လူငယ်နှင့်အနာဂတ်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်အေးနန္ဒာကျော်က လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။

အဆိုပါအခမ်းအနားသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကိုင်းရှည်မှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းရွှေနှင့်ဆရာ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)