မြောက်ဦး အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးမောင်မောင်က လူငယ်များသည် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းနိုင်ရွက်လာကြမည်ဖြစ်၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံကြစေရန်၊နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုး၍ တန်းဖိုးထားတတ်သော လူငယ်၊ လူရွယ်များဖြစ်လာစေရန်၊ နိုင်ငံတော်မှလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးနေသည့် အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ ဘက်စုံထူးချွန်ဖွံ့ဖြိုး တိုးတက်ပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာက ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှုသည့်အလေ့အကျင့် ကောင်းများ ရရှိစေရန်နှင့်စာဖတ်ရှုသည့် အကျိုးကျေးဇူးများ၊ social media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတ ရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)