မြောက်ဦး အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင်က နံရံကပ်စာစောင်များကို ကြည့်ရှုလာသူ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားတွင် ဥပဒေက ခွင့်ပြုထားသည့် အသက်အရွယ်အောက် ကလေးငယ်များကို ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ အလုပ်လုပ်ရန်ဥပဒေကခွင့်ပြုထားသော်လည်း ကလေးအလုပ်သမားများသည် အလုပ်ခွင်၌ အချိန်ပြည့်နီးပါး အလုပ်လုပ်ကြရသဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ မလွဲမသွေ ခံစားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ ကာကွယ်ပေးရမည့် ဥပဒေများကြောင်း၊ ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်းစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)