ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အထူးနေ့လယ်စာတည်ခင်းဧည့်ခံပွဲတက်ရောက်

စစ်တွေ   အောက်တိုဘာ  ၁၂

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင် ခန်းမ၌ ပြုလုပ်သော ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် အထူးနေ့လယ်စာ တည်ခင်းဧည့်ခံပွဲ သို့တက်ရောက်ကြသည်။

အထူးနေ့လယ်စာ တည်ခင်းဧည့်ခံပွဲတွင် နေ့လယ်စာမစားသုံးမီ ရဲတပ်ဖွဲ့ဝင်များက ထမင်းစားသစ္စာရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများက အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လယ်စာတည်ခင်းဧည့်ခံပွဲသို့ တက်ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

အဆိုပါနေ့လယ်စာ တည်ခင်းဧည့်ခံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကွန်ပျူတာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းသားလူငယ်များအတွက် အခြေခံကွန်ပျူတာ သင်တန်းတွင် တက်ရောက်သင်ကြားနေကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြ ကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)