ရသေ့တောင် အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ လခြမ်းရွှေမြေအဖွဲ့မှ ဖွင့်လှစ်သော ကျား/မ အခြေပြုအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့၊ စေတီတောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျား/မအခြေပြု အသိပညာပေးသင်တန်းတွင် လခြမ်းရွှေမြေအဖွဲ့မှ နည်းပြဆရာမ(၂)ဦးက ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ကျား/မခွဲခြားဆက်ဆံမှုမရှိဘဲ လူမှုသဟဇာတဖြစ်နိုင်ရန် လူမှု ပတ်ဝန်းကျင်တွင်လူတစ်ဦးနှင့်တစ်ဦး၊ ကျား၊ မ၊ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ လူမျိုး၊ ဘာသာ အသိပညာ၊ ဗဟုသုတများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများကို မိမိတို့ရပ်ရွာဒေသတွင် ကိုယ်တိုင်လက်တွေ့ကျင့်သုံးသလို ထပ်ဆင့်အသိပညာပေးကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ ပိုမိုမြှင့်တင်ဖော်ဆောင်နိုင်သူများ ဖြစ်ရန်ရည်ရွယ်ဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တင်းကို အမျိုးသမီးရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်းများ ကျောင်းသား လူငယ်များစုစုပေါင်း (၄၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ(၁၈)ရက်နေ့ မှ(၂၀)ရက်နေ့အထိ သုံးရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)