ကျိန္တလီ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြသည်။
ထိုသို့ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ကျိန္တလီမြို့အထွေထွေအုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (၃၀၀၀ဝိ/-)ကျပ် နှုန်းဖြင့် ဘိုးဘွား(၅၅)ဦးတို့အတွက် ထောက်ပံ့ငွေ(၁၆၅၀၀၀ဝိ/-) (တစ်ဆယ့် ခြောက်သိန်းငါးသောင်း)ကျပ်တိတိကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်လင်း