မာန်အောင် အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မြို့မစည်ပင်သယာဈေးရှိ စျေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ/မရှိ ယမန်နေ့နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စံသိန်းနှင့်ဝန်ထမ်းများ၊ စျေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့က မြို့မစည်ပင်သာယာရေးစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်နှင့် စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးထားရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး စျေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)