ချောင်းဆုံမြို့နယ် ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်းဆောင်ရွက်နေမှုအခြေအနေအား မော်လမြိုင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ နေ့စဉ်လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်း၊ တံတားများ တည်ဆောက်ပေးလျက်ရှိရာ မော်လမြိုင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နေခြည်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့က ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။