မွန်ပြည်နယ်

သထုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင် လက်တွေ့စမ်းသပ်မဲ‌ပေးသရုပ်ပြခြင်းအခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် (၁၀)မြို့နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ် မွန်ပြည်နယ် (၁၀)မြို့နယ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအစီအစဉ်ကို ယနေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ အ.ထ.က-ခွဲ (ဇေယျာမွန်)၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အခြေခံပညာအထက် တန်းကျောင်းခွဲ ဇေယျာမွန်၌ ကျင်းပပြုလုပ် ခဲ့သည်။

မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတတ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သော အသင်းသားများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးချီးမြှင့်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းလီမိတတ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်အသင်းသားများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါအသင်းရုံး၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အ.ထ.က(မုတ္တမ)ကျောင်း၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဦးမြင့်အောင်နှင့် သထုံခရိုင် ဥပဒေအရာရှိနှင့် မြို့နယ်ဥပ‌ဒေအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ဩဂုတ် ၁၆ ရက်နေ့က ဖြူဘကျေးရွာ၊ ဖြူဘ-သဲကုန်းလမ်းပေါ်ရှိ ရင်းငြိမ်ချောင်းကူးတံတား၌ ကျင်းပခဲ့ရာ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းမင်း၊ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် ကော်မတီဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့  ဘိုကုန်းရပ်ကွက်တွင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘိုကုန်းရပ်ကွက် အောင်တော်မူ မူလွန်ကျောင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့တွင် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မြို့မ (၄) ရပ်ကွက်ရှိ ဂျုံးဂျုံးကျတောရကျောင်း စာသင်တိုက်တွင် ယနေ့နံနက် ၈ နာရီက ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှု၊ ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များကင်းရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်၊ ယင်၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အမှတ် (၆) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အရှေ့မျက်နှာစာနှင့် အဝင်လမ်းဘေးဝဲယာ ပတ်ဝန်းကျင်၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်၊ ရေမြောင်းများ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို မွန်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်