မွန်ပြည်နယ်

ပေါင်မြို့နယ်တွင်စက်သုံးဆီများပြတ်လပ်မှုမရှိစေရေးအတွက်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေးအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စက်သုံးဆီအရောင်းဆိုင်(၁၈)ဆိုင်အား လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင်ပြုလုပ်သော အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးသည့် အခမ်းအနားသို့ တက်ရောက်

သဲဖြူဆရာတော်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးပါဝင်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုး‌ပေးမှုနှင့် အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သော အခမဲ့မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကုသလိုသော မျက်စိအာရုံ ချွတ်ယွင်းသူများကို စက္ခုအလင်းကျန်းမာရေး အလှူတော်အဖြစ် မျက်စိစမ်းသပ်၊ ခွဲစိတ်ကုသခြင်း စရိတ်စကများအပြင် မျက်ကပ်မှန်၊ မျက်မှန်များပါမကျန် လိုအပ်သည်များကို ကုသိုလ်ပြုလှူဒါန်းဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ပြည်နယ်၏ကျန်းမာရေးကဏ္ဍတွင် ထူးခြားသည့်လူမှု‌ရေးဆောင်ရွက်ချက် မှတ်တိုင် တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့ကြောင်း၊ ယခုလိုမျက်စိကျန်းမာရေး အလှူတော်အစီအစဉ်မျိုးကို နှစ်စဉ်လာရောက်ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် မျက်စိကျန်းမာ‌ရေး‌နှင့် လိုအပ်သည့် အခြားပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်း စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှု

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှု ဖူးမြှော်ပြီး ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူ​ဇော်ကာ တောင်စွန်းကျေးရွာ ရာမညနိကာယတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တသဒ္ဓမ္မဓဇ၏ သြဝါဒကထာ ခံယူတော်မူသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စက္ခုအလင်း ကျန်းမာရေးအလှူတော်နှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့လှူဒါန်းပွဲ၊ ရေစက်ချ၊ ပရိတ်တရားတော် ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့  ခုတင်-၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအားအမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ အလှူရှင်များ၏လှူဒါန်းမှုဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အလှူရှင်များက ဆေးရုံကြီးရှိအစည်းအဝေးခန်းမတွင် သဲဖြူဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး အထွေထွေရောဂါကုဆေးရုံကြီး၌ စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုခံယူရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး၍ ထောက်ပံ့​ငွေများ၊ မုန့်နှင့်ရေသန့်ဘူးများ၊ နေ့လယ်စာထမင်းဘူးများကို ဒါနပြုလိုက်လံကျွေးမွေးပေးခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ရှိ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်နှင့် ပြည်သူများ၏ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများ ဆောင်ရွက်ရာတွင်မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများသက်သာသည့်ဈေးနှုန်းနှင့်ဝယ်ယူနိုင်ရန်အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၉ရက် နံနက်ပိုင်းက မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ ပထမအကြိမ်ကျင်းပပြုလုပ်သည့် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ နှုတ်‌ဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်‌မလေးများ ဘာသာတရားကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာစေရန်နှင့်အမျိုး၊ ဘာသာ၊သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ ပထမအကြိမ် ကျင်းပပြုလုပ်သည့် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ နှုတ်‌‌ဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်ကြီး၏ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားလေးများ၏  (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာနှုတ်ဖြေပြိုင်ပွဲ ဝင်‌ရောက်ဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းအဆောင်၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)သင်တန်းကို အောက်တိုဘာ (၁၃) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်(၉)နာရီက သင်တန်းဆင်းပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့နယ် ပေါ်တော်မူရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ရွှေကြာသင်္ကန်း‌တော် ကပ်လှူပူဇော်ပွဲကို ယမန်နေ့ ညနေက စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်