ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
ကျိုက်မရောမြို့နယ်ရှိ သမိုင်းဝင်ဆုတောင်းပြည့်ဘုရားကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် အဘိဓမ္မာ ၇ ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။