ချောင်းဆုံမြို့နယ်၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်နိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် စည်း (၅) စည်းဖြင့် လုံခြုံရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဇာတ်တိုက်လေ့ကျင့်ခြင်းကို နိုဝင်ဘာ (၆) ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီတာ (၄၀၀) အားကစားကွင်း၌ ပြုလုပ်ခဲ့ကြသည်။