မွန်ပြည်နယ်

ပေါင်မြို့နယ်(အ.ထ.က) နတ်ကြီးချောင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့် ဥပ‌ဒေရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.ထ.က) နတ်ကြီးချောင်ကျောင်း၌ စက်တင်ဘာ ၃ ရက်နေ့ နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့် ဥပဒေရေးရာ ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ်နိုင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ မိုးစပါးရာသီရွှေခရုကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ တောင်သူနည်းပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပန်းကုန်းကျေးရွာတွင် ရွှေခရုကျရောက်မှုနှင့်ပတ်သက်၍ ခရုနှင့်ဥမြုံကောက်ယူဖျက်ဆီးပွဲနှင့် တောင်သူနည်းပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက သဲကုန်းကျေးရွာ၌ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်၊ ခရိုင်ပိုးမွှားရောဂါတာဝန်ခံများက တောင်သူများအားအသိပညာပေး‌ခြင်းပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့၌ (၁၃)ကြိမ်မြောက်လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင်ကျရောက်မည့် (၁၃)ကြိမ်မြောက်မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက အမှတ်(၉)အ‌ခြေခံပညာအထက်တန်း‌ကျောင်းရှိ ဦးသာညှင်းခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ် ရွာလွတ်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကိုသိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စက်တင် ဘာလ ၃ ရက်နေ့ မွန်းလွဲ(၁)နာရီက ရွာလွတ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းပညာဂုဏ်ရောင်ခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

သထုံမြို့နယ်၌ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် အ.လ.က(ကျိုက်ပိ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာရှိ အ.လ.က (ကျိုက်ပိ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်‌ရေးရာဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။

ဘီးလင်းမြို့၊ အ.မ.က(မြို့သစ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက အ.မ.က (မြို့သစ်) ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲအခမ်းအနားအကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်များအလိုက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြည်နယ်၏ အဓိကကဏ္ဍကြီးဖြစ်သည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍတို့ကို အထူးအလေးထားဆောင်ရွက်ကြရမည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးကဏ္ဍတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် ကဏ္ဍအလိုက် ရန်ပုံငွေများကို ချထားဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နှစ်စဉ်ချထားပေးသည့် နိုင်ငံတော်ရန်ပုံငွေများကို အကျိုးရှိစွာဖြင့် အသုံးချပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီး အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးလွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားမှုများ မရှိစေရေးကြိုတင်ဆောင်ရွက်ထားကြရမှာဖြစ်ပြီး ဌာနဆိုင်ရာများ၏ မြေပိုင်ဆိုင်မှုလုပ်ငန်းများကိုလည်း နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ဌာနများ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ကဏ္ဍအလိုက် ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အောင်မြင်အောင်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားသည်။

ပေါင်မြို့နယ်(အ.လ.က)သဲဖြူကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့် ဥပ‌ဒေရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.လ.က)သဲဖြူကုန်းကျောင်း၌ ယနေ့မွန်းလွဲ(၁)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့် ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ မုတ္တမစခန်းမှူး ရဲအုပ်ဝင်းညွန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီဆွေနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် အသက်(၁၃)နှစ်အောက် အ‌ခြေခံပညာကျောင်းပေါင်းစုံဘောလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အသက်(၁၃)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်