ပေါင်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းပြုလုပ်

ပေါင် ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် (၅)နာရီခွဲတွင် ကျင်းပသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားသို့တက်ရောက်လာသူများနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့က နေရာယူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို လွှင့်တင်အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နံနက်(၇)နာရီတွင် ဝါရီရူခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင် ကဖတ်ကြားသည်။

ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများက ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သော တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့  အထိမ်းအမှတ်‌အတွက်ကျင်းပခဲ့သည့် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ၊ ပေါင်မြို့နယ်မှ နိုင်ငံ့ဂုဏ်ဆောင်၊ ပြည်နယ်ဂုဏ်ဆောင်၊ မြို့နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်သိရသည်။

မွန်မလေး(ပြန်/ဆက်)