ကျိုက်ထိုမြို့နယ်၌ (၇၉) နှစ်မြောက်ပြည်‌ထောင်စုနေ့ နိုင်ငံတော်အလံလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကျိုက်ထို ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၏ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအ‌လေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားတို့ကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ နံနက်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်၌ နိုင်ငံတော်အလံ‌အ‌လေးပြု အခမ်း အနားကိုကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ယင်းနောက် နံနက် ၇ နာရီအချိန်၌ ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့နှင့်တက်ရောက်လာသူတို့က နိုင်ငံတော်အလံအားအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်‌လုံခြုံရေးနှင့်အေးချမ်းသာယာရေး‌ ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာကို ကျိုက်ထိုခရိုင်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ (၇၉) နှစ်မြောက်ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုများချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျိုက်ထိုခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးကံ‌‌စောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည့်ဖြိုး‌(ပြန်/ဆက်)