မုဒုံ ဖေဖော်ဝါရီ ၁၃
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်က မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၂) ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်၌ကျင်းပသည်။
ထို့နောက် နံနက် ၇ နာရီတွင် နိုင်ငံတော်အလံအားအလေးပြု၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းမှ ဖတ်ကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ကြပြီး ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ရာမည (ပြန်/ဆက်)