ချောင်းဆုံ ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့နံနက်ပိုင်းက တေဇဥယျာဉ်နှင့် ကျွန်းသာယာခန်းမတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နံနက် (၅) နာရီ မိနစ် (၃၀)တွင် အလံတင်အခမ်းအနားကို ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ လွတ်လပ်ရေးကျောက်တိုင်တွင် နိုင်ငံတော်အလံကိုလွှင့်တင်ကာ တက်ရောက်လာကြသူများမှ အလေးပြုခဲ့ကြပြီး နံနက် (၇) နာရီတွင် ကျွန်းသာယာခန်းမ၌ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ဖတ်ကြားခဲ့ပြီးနောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)