သံဖြူဇရပ်၌ စာစစ်ဌာနအနီး နေအိမ်များ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိ၍ စာစစ်ဌာနများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အောင်သာယာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီးရှိ နေအိမ်များအား ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးသည်။