ရေး ဖေဖော်ဝါရီ ၁၃
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်း၌ ကျင်းပသည်။
ဦးစွာ နံနက်ပိုင်းတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး နံနက် ၇ နာရီအချိန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ဖတ်ကြားသည်။
ဆက်လက်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ အလယ်တန်းနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များက တစ်ဦးချင်းဆုများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ (ခေတ္တ)ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသောလူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှင်းသန့်ဖြူ