သံဖြူဇရပ်၌ စာစစ်ဌာနအနီး နေအိမ်များ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

သံဖြူဇရပ် ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိ၍ စာစစ်ဌာနများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အောင်သာယာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီးရှိ နေအိမ်များအား ယ​နေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များမှ အဆိုပါကျောင်းအနီးရှိ နေအိမ်များသို့သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ချက်ပြုတ်စားသောက်ရာတွင် စနစ်တကျရှိစေရေးနှင့် ဂတ်စ်မီးဖိုများ စနစ်တကျအသုံးပြုစေရေး၊ လျှပ်စစ်ဝိုင်ယာကြိုးများအား စနစ်တကျသွယ်တန်းထားရှိမှု၊ ကျောင်းအနီးပတ်ဝန်းကျင် သန့်ရှင်းရေးကောင်းမွန်စေရေး စစ်ဆေးခဲ့ကြပြီး၊ အရေးပေါ်တယ်လီဖုန်းနံပါတ်များထားရန်၊ မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားပါက လက်ဦးမှုရယူငြှိမ်းသတ်ပြီး အချိန်နှင့်တစ်ပြေးညီ မီးသတ်စခန်းသို့ အကြောင်းကြားရန် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)