မွန်ပြည်နယ်

ဘီးလင်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ပေါက်တောကျေးရွာ၊ ပညာရတနာစာကြည့်တိုက်သို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

သထုံမြို့နယ်၌ အခွန်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပညာ့ဂုဏ်ရည်) ခန်းမ၌ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) အ​ခြေခံပညာအထက်တန်း​ကျောင်း (ပညာ့ဂုဏ်ရည်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ် PERFECT Private School တွင် လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် PERFECT Private School ကိုယ်ပိုင်ကျောင်း၌ ပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် ကံ့ကော်ရပ်ကွက် သစ်လွင်ရောင်းဝယ်ရေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကံ့ကော်ရပ်ကွက် သစ်လွင်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်း၌ အဆိုပါအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အကြောင်း အသိပညာပေးပွဲပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီက အထက (၃)ကျောင်း၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို စက်တင်ဘာ ၈ ရက်နေ့က အ.မ.က (ကျောက်တလုံး) ကျောင်း၌ ပြုလုပ်သည်။

မုဒုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ အောင်ပွဲရတပ်မတော်သားများအား စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် အောင်ပွဲရတပ်မတော်သားများအား မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများနှင့် ဝန်ထမ်းမိသားစုများ ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ထားသည့် ငါးခြောက်ကြော်၊ ဘာလချောင်ကြော်များနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ဘက်စုံပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးလျက်ရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာရပ်အလိုက် ဂုဏ်ထူးရ‌ ကျောင်းသား၊ ကျောင်းသူ (၉၈၈) ဦးနှင့် မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက် ၅၇ ဒဿမ ၁၆ ရာခိုင်နှုန်းဖြစ် ပထမရရှိတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကိုပြီးဆုံးပြီး အဆင့်မြင့်ပညာကို သင်ယူရတော့မှာဖြစ်တဲ့အတွက် မိမိတို့ စိတ်ဝင်စားတဲ့ ပညာရပ်များ၊ ဝါသနာပါတဲ့အသက် မွေးဝမ်းကျောင်း‌ဘာသာရပ်ကို စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သင်ယူပြီး နိုင်ငံတော်အတွက် အားထားရတဲ့ လူတော်၊ လူကောင်းလေးများ ဖြစ်အောင်စွမ်းဆောင်ပေးကြစေလိုကြောင်း၊ အရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူရည်ချွန်လူရည်မွန်များ မွေးထုတ်စေနိုင်မည့် ဘက်စုံပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးပဉ္စဂံဖြစ်သည့် မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် တာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်