သံဖြူဇရပ် သြဂုတ် ၁၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် သမဝါယမအသင်းစုလိမိတက်၏ (၂၀၂၂ -၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ၁နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး၊ မွန်ပြည်နယ် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်က လမ်းညွှန် အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၂ - ၂၀၂၃ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားတင်သွင်းပြီး ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေပုံစာရင်းများကို အသင်းစုဥက္ကဌက အတည်ပြုကြောင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် မြို့နယ်သမဝါယမအသင်းစုလိမိတက်၏ ရှေ့လုပ်ငန်းစဥ်များ၊ ဆုံးဖြတ် ချက်များကို သဘာပတိမှတစ်ဆင့် အတည်ပြုချက်များ ရယူခြင်းများကို ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များနှင့် အခြေခံသမဝါယမအသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)