သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်နေပြည်သူနှင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ်     စက်တင်ဘာ   ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်ပြည်သူနှင့် ကျောင်းသားကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဌေးခိုင်နှင့်ဝန်ထမ်းများမှ ယမန်နေ့ကပန်းခင်း (၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခြင်းကို ကျိုက္ခမီမြို့အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပန်းခင်း(၂)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းကို အသက်၁၀ နှစ်နှင့်အထက် အောင်ပင်လယ်ရပ်ကွက်နေပြည်သူများနှင့် ဆင်ပုန်း အ.လ.က(ခွဲ) ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၇၈)ဦးကိုဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)