မွန်ပြည်နယ်

မာန်အောင်မြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာထီးဘုရား ပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ မဟာထီးဘုရားပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများရှင်းလင်းပွဲကျင်းပ

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးမှကြီးမှူးကျင်းပသော  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ခေတ်မီစံပြကျေးရွာရှိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေး

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မွန်ပြည်နယ်အတွင်း မြို့ပြစီမံကိန်းများ စနစ်တကျရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား  ကြည့်ရှု အားပေး

၂၀၂၃ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့  နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကလေးဆေးရုံ ပုရိဝုဏ်အတွင်း ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရူအားပေးခဲ့သည်။

ဂွမြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေများကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့၊ နေ့လယ်(၁၂)နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မွန်ပြည်နယ်၊ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက သထုံမြို့နယ် ကတိုက်ကလေးကျေးရွာ အဘယသုခလူမှု ကယ်ဆယ်ရေးအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ပန်းကုန်းမွန် (အ.ထ.က) ခွဲကျောင်း၌ ယနေ့မွန်းလွဲ (၁) နာရီက ဟောပြောခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၊ ကျုံကကျေးရွာ၌ ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေလူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေးအတွက် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျုံကကျေးရွာရှိ ရန်ကင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်