ကျိုက်မရော စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးမှကြီးမှူးကျင်းပသော စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ခေတ်မီစံပြကျေးရွာရှိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးဒေါ်မိရင်စနိုင်းမွန်က စားသုံးသူရေးရာဦးစီးဌာ၏ ရည်မှန်းချက်တာဝန်များနှင့် စားသုံးသူအကာကွယ်ပေးရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေများ၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် ကုန်အမှတ်တံဆိပ်ရိုက်နှိပ်ရာတွင်ပါဝင်ရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်စည်းကမ်းများကိုရှင်းလင်းဆွေးနွေးပြီး ဦးစီးအရာရှိဦးနိုင်လင်းထက်က စားသုံးသူအကာအကွယ်ပေးရေးဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုဟောပြောကာ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ဝေသော စားသုံးသူပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသော လုပ်ငန်းရှင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပညာပေးဆွေးနွေးပွဲသို့ နတ်စမ်းခေတ်မီစံပြကျေးရွာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၃)ဦးတို့ တင်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)