မာန်အောင်မြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာထီးဘုရား ပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်

မာန်အောင်   စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ မဟာထီးဘုရားပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်း ဦးဆောင်၍  ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဖြူ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးထွန်းနိုင်နှင့် ပူးပေါင်းရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ရဲမေများ ပါဝင်သော အင်အား(၆၆)ဦးက (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာထီးဘုရား ပရဝုဏ်အတွင်း၌ ချုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ တံမြက်စည်းလှဲခြင်း ၊ ဘုရားပန်းများ လဲလှယ်ပူဇော်ခြင်း စသည့် သန့်ရှင်းရေးများနှင့် ကုသိုလ်ကောင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)