မုဒုံမြို့၌ အေရိုးဗစ်အားကစားနည်းဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမျိုးသမီးအားကစားအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် အေရိုးဗစ်အားကစားနည်းဆင့်ပွားသင်တန်းဆင်းပွဲကို ယမန်နေ့ကမြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။