မော်လမြိုင်မြို့၌ (၁၈၉)ကြိမ်မြောက် မြို့လုံးကျွတ်သံဃာတော်၊ သီလရှင်(၈၀၂၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဆွမ်းဆန်စိမ်း လောင်းလှူ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးနှင့် ပစ္စည်းလေးပါးအဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် မော်လမြိုင်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါ(၁၈၉)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။