ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူ (၉၅၆)ဦးအား ထောက်ပံ့ငွေပေးအပ်

ကျိုက်ထို အောက်တိုဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက်‌ ရေဘေးကယ်ဆယ်ရေး စခန်း(၃)ခု ဖွင့်လှစ်ပြီး  ပြောင်းရွှေ့နေရာချထားပေးသည့် ရေဘေးသင့်ပြည်သူ (၉၅၆)ဦးအား ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် လူတစ်ဦးလျင် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၁၀ဝိ/-) နှုန်းဖြင့် ကယ်ဆယ်ရေးစခန်း(၃)ခုမှ ရေဘေးသင့်ပြည်သူ လူဦးရေ (၉၅၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂ဝဝ၇၆ဝဝိ/-)အား ရေဘေးသင့်ကယ်ဆယ်ရေးစခန်း (၃)ခုသို့ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။

သန်းသန်းမော် (ကျိုက်ထို)