ပေါင် အောက်တိုဘာ ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို သဲကုန်းကျေးရွာ၊ သဲရွှေဝါခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ခွေးရူးရောဂါကာကွယ်ရေးသိကောင်းစရာများကိုလည်းကောင်း၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများနှင့် ခွေးရူးရောဂါကူးစက်ခံရမှုအန္တရာယ်ရှိသောသူများကိုလည်းကောင်း၊
ခွေးရူးရောဂါခံစားနေရသည့် ခွေးများကိုခွဲခြားနိုင်သည့်အချက်များကိုလည်းကောင်း၊ လူတွင်ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများကိုလည်းကောင်း၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ ကာကွယ်ဆေးထိုးရမည့်အခြေအနေများကိုလည်းကောင်း၊ ခွေးရူးရောဂါနှင့်ပတ်သတ်၍ သတိပြုလိုက်နာရမည့်အချက်များကိုဟောပြောခဲ့ပြီး ခွေးရူးရောဂါနှင့်ပတ်သတ်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)