မော်လမြိုင်မြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မော်လမြိုင်   အောက်တိုဘာ  ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ အသင်းစုရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုဉက္ကဋ္ဌ သဘာပတိဦးတင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌဦးစိုးတင့်တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော အသင်းစုကိစ္စရပ်များနှင့် သမဝါယမလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ မော်လမြိုင်မြို့နယ်သမဝါယမအသင်းစုဒါရိုက်တာအဖွဲ့ဝင်ဦးထွန်ခင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေစာရင်းများကိုဖတ်ကြားခြင်း၊ အဖွဲ့၏လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဥ်များ ဖတ်ကြားတင်ပြခဲ့သည်။

အဆိုပါအခမ်းအနားသို့   မြို့နယ်သမဝါယမအခြေခံအသင်း(၅၄)သင်းမှ အမှုဆောင်အဖွဲ့ဝင်များ  အသင်းသားများတက်ရောက်ခဲ့ကြပြီး အခြေခံသမဝါယမအသင်းစုမှ အစုငွေများအပေါ် အမြတ်ငွေစုစုပေါင်း(၁၃၄၆၂၃၄)ကျပ်ကို အသင်းတာဝန်ခံများထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 ခရိုင်(ပြန်/ဆက်)