မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် စိန်ပါတီဘုန်းတော်ကြီးကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲတွင် ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ချောင်းဆုံ နိုဝင်ဘာ ၁၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် စိန်ပါတီဘုန်းတော်ကြီးကျောင်းတိုက်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းမိသားစုများ၏ (စတုတ္ထ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။   

ရှေးဦးစွာ ဆရာတော် ၊ သံဃာတော်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် /ခရိုင်/ မြို့နယ်မှဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲအား နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလခံယူခြင်းနှင့် မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် စိန်ပါတီကျောင်းတိုက်ဆရာတော်နှင့် ပင့်ဖိတ်ဆရာတော်သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းနှင့် ပြည်နယ်/ခရိုင်/မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများမှ ဆရာတော်၊ သံဃာတော်များအား  ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် စုပေါင်းမဟာဘုံကထိန်ပွဲကို စည်ကားစွာပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)