ကျိုက်မရော နိုဝင်ဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးပညာပေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.ကကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ကျင်းပသည်။
ဦးစွာ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်က စာသင်ကျောင်းအခြေုပြုမီးဘေးလုံခြုံရေး အသိပညာပေးအစီအစဥ်များကို ဆောင်ရွက်ပေးလျက်ရှိပြီး သဘာဝဘေးနှင့်ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာနေထိုင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အသိပညာဗဟုသုတများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျိုက်မရောမြို့နယ်ဒု မီးသတ်ဦးစီးမှူးဒေါ်သီရိပြည့်စုံက ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားဖွယ်ဂိမ်းကစားနည်း ၉ နည်း အကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ပါဝင်ကစားရသည့်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး၊ ပညာပေးအစီအစဥ်ကိုမွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့်ပိန်းနဲကုန်းကျေးရွာ အ.ထ.က ကျောင်းတို့တွင် ယနေ့ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မီးဘေးကစားနည်းများဖြစ်သည့် သတ်မှတ်ထားသောပစ်မှတ်ဆီသို့ မီးသတ်ဆေးဘူးအသုံးပြု၍မီးငြိမ်းသတ်ရသောကစားနည်း၊ မီးလောင်မီးငြိမ်းသတ်ရေးကတ်များကိုအသုံးပြု၍ကစားနည်း၊ စောင်ကိုအသုံးပြု၍ လူနာသယ်ဆောင်ကစားနည်း၊ အိမ်၌ရှိသောပစ္စည်းများနှင့်ရှေးဦးသူနာပြုစု ရမည့်ကစားနည်း၊ ရေသန့်ဘူးအသုံးပြု၍ အသက်ကယ်အင်္ကျီပြုလုပ်နည်း၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ယူဆောင်သွားရမည့်ပစ္စည်းများကိုစဥ်းစားတတ်စေရန်ကစားနည်း၊ ကြိုးကလေးပုံပြင်စသည့်ကစားနည်းများကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာပါဝင်ကစားခဲ့ကြကြောင်း ထူးချွန်စွာကစားနိုင်ခဲ့သောကလေးများအား မြို့နယ်မီးသတ်ဦးစီးအရာရှိဦးတင်သောင်းဦးက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ခေတ်မီမီးငြိမ်းသတ်ယာဥ်စက်များနှင့်ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးအထောက်အကူပြု ပစ္စည်းများကို လက်တွေ့ကိုယ်တိုင်လေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
မိချို(ပြန်/ဆက်)