မော်လမြိုင် နိုဝင်လာ ၁၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၆)၊ အခြေခံပညာအလယ်တန်းကျောင်း (တောင်ဝိုင်း)နှင့် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းများ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၆)၊ အခြေခံပညာအလယ်တန်းကျောင်း (တောင်ဝိုင်း)နှင့် အမှတ်(၂)အခြေခံပညာမူလတန်းလွန် ကျောင်းမျာမှ ဆရာ၊ ဆရာမများက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ ယဉ်ကျေးသိမ်မွေ့သောလူငယ်များ ဖြစ်လာရေး၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး၊ အချိန်ကိုစီမံခန့်ခွဲတတ်သူများဖြစ်စေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့၏ အနာဂတ်ဘဝ ပိုမိုမြင့်မားလာရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်သည့် လူငယ်များဖြစ်လာစေရေး စသည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)