ပေါင် နိုဝင်ဘာ ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာ၌ တိုးတက်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အသင်းပိုင်ငွေဖြင့် ပံ့ပိုးစိုက်ပျိုးသည့် မိုးစပါးများအား ယနေ့နံနက်ပိုင်းက စတင်ရိတ်သိမ်းခဲ့သည်။
အဆိုပါ မိုးစပါးစတင်ရိတ်သိမ်းနေမှုကို သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းအေးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။ ရွာတန်းရှည်ကျေးရွာတွင် အသင်းသားတောင်သူ (၂၄)ဦးပိုင် စိုက်ဧက (၇၂)ဧကကို ယနေ့မှစတင်၍ ရိတ်သိမ်းကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)