သံဖြူဇရပ်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

သံဖြူဇရပ်  နိုဝင်ဘာ  ၁၅

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်​မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသော "နှစ်လေးဆယ်ဘဝမှတ်တိုင်များ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်အေးအေးသီက စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာကစာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးကို ပြောကြားသည်။

ဆက်လက်၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "နှစ်လေးဆယ်ဘဝမှတ်တိုင်များ"စာအုပ်ပါ အတိတ်ဆီသို့သတိရစရာကလေးများ၊ မမြင်ဖူးလိုက်ရသော ကျေးဇူးရှင်နှင့်အတူ၊ ဘဝမှတ်တိုင်တစ်ခုစသည့် အကြောင်းအရာများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်ဆုမြတ်နိုးက ဖတ်ကြားဆွေးနွေးပြီး အရေးပါသောဘဝတစ်ကွေ့၊ အပြုံးနှင့်မျက်ရည်၊ အလုပ်ကံစသည့်အကြောင်းအရာများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ပြည့်ပြည့်ဖြိုးက ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် အိမ်ပြန်ချင်သောဝေဒနာ၊ ခဏတာမျှ ထိုဘဝ၊ ပုခက်ကြိုးတစ်ဖက် စာအုပ်တစ်ဖက်စသည့် အကြောင်းအရာများကို ဒေါ်စုနန္ဒာက ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကိုဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ်စာ​ပေဝါသနာရှင်များ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့်အသိဖြင့် သူတပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)