မွန်ပြည်နယ်

ကျိုက်မရောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများအား ယနေ့နံနက် ၈ နာရီမှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ကမာမို(အ.ထ.က-ခွဲ)ကျောင်းတွင် ဘက်စုံထူးချွန်သည့်လူငယ်များပေါ်ထွန်းစေရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး နိုဝင်ဘာလ(၂၁)ရက်နေ့က ကမာမို(အ.ထ.က-ခွဲ)ကျောင်း ရွှေဟင်္သာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားများမှန်ကန်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃ ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်သည်။

ဝင်းပကျေးရွာ မဟာဗောဓိစေတီတော်မြတ်ကြီး၏ ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာ၊ ဇောတိကာရုံပရိယတ္တိစာသင်တိုက်ကြီးအတွင်း တည်ထားကိုးကွယ်သည့် မဟာ‌ဗောဓိစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် သံဃာတော်နှင့်သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ ဆက်ကပ်လောင်းလှူခြင်းကို ယနေ့နံနက်က စေတီတော်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ(၂၀)ရက် နေ့လယ်ပိုင်းက ကျိုက်ထိုမြို့၊ မူလွန်အမှတ်(၁)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်မရောမြို့နယ်၌ ရွေ့လျားဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် ကွင်းဆင်းတီဘီရောဂါရှာဖွေကုသခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား “လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” အကြိုလှုပ်ရှားမှုအစီအစဥ်အရ ရွေ့လျားဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် ကွင်းဆင်းတီဘီရောဂါရှာဖွေကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ခွဲ)ကျိုက်မ​ရောကျောင်း၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၄)နှစ်မြောက်(ကမ္ဘာ့ကလေးများနေ့) အခမ်းအနားတက်ရောက်

၂၀၂၃ ခုနှစ် (၃၄)နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလေးသူငယ်များနှင့်မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်​ရောက်

မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ​ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေးနှင့် အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်​ပေးနိုင်​ရေးအတွက် ၂၀၂၃ ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ည​နေပိုင်းက မော်လမြိုင်မြို့၊ ​ကျောင်းသားအားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ​ဘောလုံးအားကစားဝါသနာရှင်များ တက်​ရောက်သည်။
Subscribe to မွန်ပြည်နယ်