ချောင်းဆုံမြို့နယ် ကမာမို(အ.ထ.က-ခွဲ)ကျောင်းတွင် ဘက်စုံထူးချွန်သည့်လူငယ်များပေါ်ထွန်းစေရေး လူငယ်စကားဝိုင်းကျင်းပ

ချောင်းဆုံ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး နိုဝင်ဘာလ(၂၁)ရက်နေ့က ကမာမို(အ.ထ.က-ခွဲ)ကျောင်း ရွှေဟင်္သာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး၊ ဆရာကြီးဦးမင်းဗညားအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မိသူဇာက  ကျောင်းသားလူငယ်များ ထူးချွန်ထက်မြက်၍ လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သူများဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာက ဦးဆောင်ဆွေးနွေးသူအဖြင့် ဆောင်ရွက်ကာ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု တန်ဖိုး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးနှင့် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးစသည့် ခေါင်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ကျောင်းသား/သူများ သိရှိလိုသည်များ ပြန်လည်ဖြေကြားခြင်းနှင့် အသိပညာပေးနံရံကပ် စာစောင်များပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)