ပေါင်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားများမှန်ကန်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပေါင် နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပေါင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကာ ပေါင်မြို့နယ်အတွင်း၌ မိုးပွိုင့်နှင့် မြရည်ကန်သာအမှတ်တံဆိပ်တို့ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေသည့် သောက်ရေသန့်စက်ရုံများသို့သွားရောက်ကာ အများပြည်သူအလွယ်တကူသိရှိနိုင်မည့် ကုန်အညွှန်းအမှတ်အသားများ ပါ/မပါနှင့် ပြည့်စုံမှန်ကန်မှု ရှိ/မရှိတို့အားစစ်ဆေးပြီး လိုအပ်သည်တို့ကို အသိပညာပေး ညှိနှိုင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)