ကျိုက်မရောမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး

ကျိုက်မရော နိုဝင်ဘာ ၂၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများအား ယနေ့နံနက် ၈ နာရီမှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ရပ်ကွက် ၄ ခုနှင့် ကျေးရွာပေါင်း (၄၃) ရွာမှ နိုင်ငံဝန်ထမ်းအငြိမ်းစားဦးရေ စုစုပေါင်း (၇၀၀) ခန့်ရှိရာ အသက်ကြီးရွယ်အို အငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေရန်အတွက် အငြိမ်းစားများ၏မိသားစုဝင်များအား ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ရန် စီစဥ်ပေးထားပြီး ပင်စင်လစာထုတ်ယူရာ၌လည်း အသက်ကြီးအငြိမ်းစားများ၏ ကျန်းမာရေးအတွက်အနားယူအပန်း​ဖြေစရာ နေရာများလည်း ဆောင်ရွက်ပေးထားပြီး လစဥ် ၂၁ ရက်နေ့မှစတင်ကာ လကုန်ရက်အထိ ဘဏ်ဖွင့်ရက် များအတွင်း နေ့စဥ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် (ခွဲ) မန်နေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)