မွန်ပြည်နယ်အတွင်း မီးရထား၊ ရေယာဉ်နှင့်မော်တော်ယာဉ်တို့ဖြင့် ပြောင်းဆံအိတ်များ တရားမဝင်သယ်ဆောင်ခဲ့မှုအား တားဆီး၊ စစ်ဆေးအရေးယူဆောင်ရာတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရထိုက်သောအခွန်ငွေများ ဆုံးရှုံးနစ်နာမှုများမရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး အထူးအလေးထား ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းသို့ ၂ဝ၂၃ ခုနှစ်အတွင်း မီးရထား၊ မော်တော်ယာဉ်၊ ရေယာဉ်တို့ဖြင့် တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ပြောင်းစေ့အိတ်များကို တားဆီး၊ ဖမ်းဆီးရာတွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုရခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပသို့ တင်သွင်း/တင်ပို့သည့် ပစ္စည်းများအား သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကျသင့်အခွန်များပေးဆောင်ပြီးမှသာလျှင် တင်သွင်း/ တင်ပို့ခွင့်များ ဆောင်ရွက်ပေးကြရန်လိုအပ်ပြီး တရားမဝင်ကုန်သွယ်မှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလို တားဆီး၊ ဖမ်းဆီးအရေးယူဆောင်ရွက်ရာတွင် ပါဝင်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် နောင်တွင်လည်း ပြည်နယ်၏ ဂုဏ်တက်အောင် စွမ်းစွမ်းတမံကျရာကဏ္ဍမှ ထမ်းဆောင်ကြစေလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။