မော်လမြိုင် နိုဝင်ဘာ ၂၄
နိုင်ငံတော်၏မျှော်မှန်းချက်ဖြစ်သည့် စားသုံးဆီဖူလုံရေးကိုမျှော်မှန်း၍ နေကြာစိုက်ပျိုးထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့မှကြီးမှူးကျင်းပသည့် နေကြာစိုက်ပျိုးပွဲနှင့်နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ စက်မှုဇုံကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌဦးမြတ်ယုက မော်လမြိုင်ခရိုင်အတွင်း နေကြာစိုက်ပျိုးရန်အတွက် အကောင်းဆုံး စိုက်ပျိုးမြေများရှိပြီးဖြစ်ပါကြောင်း၊ ယခု ထောက်ပံ့ပေးအပ်သော နေကြာမျိုးစေ့ များကိုလည်းအောင်အောင်မြင်မြင်ဖြင့် စိုက်ပျိုးကြရန်၊ စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံနေကြာတိုးမြှင့် စိုက်ပျိုးမှုအခြေအနေများနှင့် နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးနည်းပညာရပ်များနှင့် ကူညီထောက်ပံ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ နေကြာမျိုးစေ့များကို နေကြာစိုက်တောင်သူများထံ ဧက ၃၀ ကျော်ပေးအပ်ခဲ့ပြီး စက်မှုလယ်ယာမှမျိုးစေ့ချစက်ဖြင့် နေကြာစိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်တန်းရပ်ကွက်နှင့် သီရိမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ နေကြာသီးနှံစိုက်ပျိုးမည့်တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)